ဒ်ါလာဈေးနှုန်း မြင့်တက်နေခြင်းကြောင့် ဆေးဝါးဈေးကွက်အတွင်း ဈေးနှုန်းများမြင့်တက်
By zawminnaing on စီးပွားရေး from www.mizzimaburmese.com
ဒေါ်လာဈေးနှုန်း မြင့်တက်နေခြင်းကြောင့် ပြည်တွင်းရှိ ဆေးဝါးဈေးကွက်အတွင်း ဈေးနှုန်းများ မြင့်တက်လာကြောင်း မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဇော်မိုးခိုင် ကပြောသည်။ ၎င်းက “ပြည်တွင်းဆေးဝါးရဲ့ ၉၀ ရာခိုင်နှုန်းကျော်က နိုင်ငံခြားက Importလုပ်နေရတာဖြစ်ပါတယ်။ဒေါ်လာဈေးတက်တဲ့အခါကျတော့ ဆေးဝါးဈေးတွေက ဒေါ်လာဈေးတက်တာလောက်နီးနီး အချိုးကျလိုက် တက်နေတဲ့သဘောရှိတယ်။ ဒေါ်လာဈေးက ဆက်ပြီးတက်နေမယ်ဆိုရင် စားသုံးသူတွေအတွက်ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး” ဟု ဆိုသည်။