၅ နှစ် သမီးကို အမှိုက်ပုံးထဲက အစားအစာများအား စားခိုင်းသည့်ဆရာမအား အရေးယူခိုင်း
By zawminnaing on နိုင်ငံတကာ from www.maukkha.org
မူကြိုကျောင်းမှအိမ်သို့ပြန်လာသော သမီးဖြစ်သူ ဟဲရစ်က မိခင်ကို ဆရာမသည် အမှိုက်ပုံးထဲမှ အစားအစာ များကို ကောက်စားခိုင်းခဲ့သည်ဟု တိုင်ကြားခဲ့သည်။
မိခင်ဖြစ်သူ ကင်းဒိုက်စ် ဟဲရစ်က ရဲစခန်းသို့လာပြီး ဤသို့အရှက်ရစေသည့် အပြူအမူမျိုးကို ကျူးလွန်သည့် ဆရာမအား အရေးယူပေးပါရန် တိုင်ကြားခဲ့သည်။ မိမိ၏သမီးဖြစ်သူသည် ပေါင်မုန့်မကြိုက်သဖြင့် မစားဘဲ အမှိုက်ပုံးထဲသို့ လွှင့်ပစ်ခဲ့ကြောင်း၊ ဆရာမက သမီးဖြစ်သူထံ အမှိုက်ပုံးကို ဆွဲယူလာပြီး ပုံးထဲမှ ပေါင်မုန့်ကို ပြန်ပြီး ကောက်စားခိုင်းကြောင်း၊ ကျောင်းသားအများရှေ့တွင် ဤသို့အရ



